Homeပြည်တွင်းသတင်းTNLA က သီပေါနဲ့ ကျောက်မဲ အရေးနိမ့်တဲ့အပေါ် ကြွက်မနိုင်ကျီမီးရှို့ဆိုတဲ့ ရန်လိုမှုအသုံးအနှုန်းအပေါ်တာဝန်ယူဖြေရှင်းပေးဖို့ SSPP/SSA တောင်းဆို

TNLA က သီပေါနဲ့ ကျောက်မဲ အရေးနိမ့်တဲ့အပေါ် ကြွက်မနိုင်ကျီမီးရှို့ဆိုတဲ့ ရန်လိုမှုအသုံးအနှုန်းအပေါ်တာဝန်ယူဖြေရှင်းပေးဖို့ SSPP/SSA တောင်းဆို

၁၈ အောက်တိုဘာ ၂၀၂၅

တအာင်းတပ်မတော် (TNLA) က သီပေါနဲ့ကျောက်မဲ အရေးနိမ့်တဲ့အပေါ် ကြွက်မနိုင် ကျီမီးရှို့ဆိုတဲ့ ရန်လိုတဲ့အသုံးအနှုန်းအပေါ်တာဝန်ယူဖြေရှင်းပေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)က ဒီကနေ့ အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

စစ်ကော်မရှင်တပ်နဲ့ (TNLA) တို့အကြား ဖြစ်ပွားခဲ့တဲ့ကျောက်မဲနဲ့ သီပေါ တိုက်ပွဲမှာ (TNLA) ရဲ့အရေးနိမ့်တာ၊ ကျောက်မဲ သီပေါ လက်လွတ်ဆုံးရှုံးရတာဟာ (SSPP) က စစ်တပ်ကို ကူညီပြီးလမ်းကြောင်းဖွင့်ပေးတာကြောင့်ဖြစ်တယ်လို့ (PSLF/TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မီဒီယာတွေနဲ့ အင်တာဗျူးမှာ စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုလို (TNLA) ဘက်က မဟုတ်မမှန်သတင်းဖြန့်လွှင့်တာကိုတာဝန်ယူဖြေရှင်းပေးရမှာဖြစ်ပြီး လူထုအသက်အိုးအိမ်စည်းစိမ်ပိုင် ဆိုင်တာတွေထိခိုက်ပျက် စီးဆုံးရှုံးတာတွေအတွက် နှစ်ဖက်သက်ဆိုင်သူ အဖွဲ့အစည်း‌တွေက တာဝန်သိသိနဲ့ တာဝန်ယူဖြေရှင်းပေးရမယ်လို့ တောင်းဆိုထားတာပါ။

ဒါအပြင် အခုလို အခြေအမြစ်မရှိစွပ်စွဲပြောကြားတာဟာ (SSPP/SSA) အပေါ်လူထုနဲ့ တော်လှန်ရေးအင်အားစု‌တွေအကြား ထင်ယောင်ထင်မှား ဖြစ်စေသတဲ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်အား နိုင်ငံရေးအရ ထိုးနှက်လိုမှု၊ လူထုအကြားစည်းရုံးရေးကျဆင်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြော ဆိုတာဖြစ်တယ်လို့ဆိုပါတယ်။

နောင်ချို-ကျောက်မဲ-သီပေါ တိုက်ပွဲမှာ (SSPP/SSA) ဟာ မည်သူ့ဘက်မှ ဝင်ရောက်စွက်ဖက်တာမရှိဘဲ စစ်ဘေးဒဏ်ခံရတဲ့ စစ်ဘေးရှောင်လူထုကို ကြိုးစားကူညီတဲ့ လူထုကယ်ဆယ်ရေးလုပ်ငန်းတွေကိုသာ လုပ်ဆောင်ခဲ့တာကို ဒေသခံလူထုတွေ မသိဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- SSPP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး