စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ မနေ့က အောက်တိုဘာ ၆ရက် လပြည့်နေ့ညပိုင်းမှာ သီတင်းကျွတ်မီးထွန်းပွဲလုပ်နေတဲ့အချိန် စစ်တပ်က ဗုံးကြဲချခဲ့တာကြောင့် ဒေသခံ၂၀ ဦးကျော် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်မှာ ဒေ သခံကလေးအပါ ၂၀ဦးသေဆုံးပြီးတော့ ၃၀ ဦး ဒဏ်ရာရခဲ့ပြီး၊ သေဆုံးသွားတဲ့ ရုက်အလောင်းတွေကို မနေ့ကထဲက အား ချင်းမြှပ်နှံလိုက်တယ်လို့လည်း သိရပါတယ်။
ဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ အမျိုးသမီးတဦးရဲ့ခြေပြတ်လက်ပြတ်တွေ၊ ဒဏ်ရာတွေနဲ့ခန္ဓာကိုယ်ဝမ်းဗိုက်ပေါက်ထွက်ကာသေ ဆုံးနေတဲ့ ကလေးငယ်ရဲ့ပုံအချို့ဟာလည်း လူမှုကွန်ရက်ပေါ်ကို ပျံ့နှံလာတာကို New Day Myanmar တွေ့မြင်ခဲ့ရပါတယ်။
ဒါအပြင် သေဆုံးသွားတဲ့ ဒေသခံတွေရဲ့ရုပ်အလောင်းကို မြှပ်နှံနေစဉ်မှာဘဲ စစ်တပ်က ပါရာမော်တာနဲ့ ၄၀ မမ ဗုံးသီးတွေ ထပ်ကြဲချခဲ့သေးတယ်လို့ သိရပြီး၊ မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို ဆက်လက်သိရှိဖို့ အဲဒီနယ်မြေက တော်လဖျန်ရေးတပ်တွေဆီကို NewDay Myanmar ကဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ပုံစာ- မနေ့ညက ချောင်းဦးနယ်မှာ စစ် တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နေရာကနေ ပေါ်ထွက်လာသည့် ဖိနပ်တရံ။ (ဓာတ်ပုံ -CJ)


