၂၅ စက်တင်ဘာ ၂၀၂၅
ပဲခူးမြို့မှာ ဆိုင်ကယ်ကယ်ရီသမားကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်ဖြစ်စဉ်တခု မျန့က စက်တင်ဘာ ၂၄ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့ရဲ တပ် ဖွဲ့နဲ့ နီးစပ်တဲ့သူတဉီးက New Day Myanmar ကိုပြောပါတယ်။
လုယက်သူဟာ ပဲခူး ဇိုင်းဂနိုင်း GTB ရှေ့ကနေ ကောလိပ် ဘုရားသုံးဆူရွာဘက်ထိ ဆိုင်ကယ်ငှားစီးလာကာ ကောလိပ်ဘုရားသုံးဆူရွာဘက်အရောက်မှာ ကယ်ရီသမားကို ရိုက်နှက်ပြီး လုယူမောင်းပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
လုယက်သူရိုက်နီက်ခဲ့တာကြောင့် ဆိုင်ကယ် ကယ်ရီမောင်းနှင်းသူမှာ ဇက်ရိုးကျိုးဒဏ်ရာရရှိပြီး လဲကျနေစဉ် လမ်းသွား လမ်းလာကားတစီးက ကူညီကာ ပဲခူးပြည့်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
“ရေအိုင်ထဲလဲနေလို့ ကူညီပြီးပဲခူးဆေးရုံကိုပို့တာ၊ အခုတော့ လွှဲစာနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားပါတယ်။ ကျူးလွန်သူကိုတော့ ရဲက စုံစမ်းနေတယ်”လို့ သူသိထားတဲ့အပေါ် ပြန်လည်ပြောပြပါတယ်။
ရိုက်နှက်ခံရသူ အမျိုးသားကို ဥဿာလူငယ်သွေးနှင့်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ ညတွင်းချင်းဆေးရုံလွှဲပြောင်း ပို့ဆောင်တာလုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်လက်ထက် နိုင်ငံအတွင်းမှာရှိတဲ့ မြို့ကြီးတွေမှာ လုယက်တာတွေ များပြားလာပြီး၊ အချို့လုယက်မှုတွေမှာ လူအသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်သတ်ဖြတ်တဲ့ ဖြစ်စဉ်များဖြစ်ပွားနေတာကြောင့် အများပြည်သူအကြား စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။
ဓာတ်ပုံ- CJ


