Homeပြည်တွင်းသတင်းလမ်းလျှောက်လာရင်း လည်ပင်းပေါ် ဓါတ်ကြိုးပြတ်ကျလို့ အမျိုးသား တဦးသေဆုံး

လမ်းလျှောက်လာရင်း လည်ပင်းပေါ် ဓါတ်ကြိုးပြတ်ကျလို့ အမျိုးသား တဦးသေဆုံး

ဩဂုတ် ၂၀၂၅

တောင်ငူမြို့၊၁၈ ရပ်ကွက်၊ မီးရထားဝန်းအတွင်းမှာ သြဂုတ်လ ၁ ရက် မနက် ၆ နာရီက လမ်းလျောက်နေတဲ့ အမျိုးသားတဦးပေါ်ကို ဓါတ်ကြိုးပြတ်ကျလို့ ဓါတ်လိုက်သေဆုံးမှု တခုဖြစ်ခဲ့ပါတယ်။

ကုက္ကိုင်ပင်ခြောက်တပင်ဟာ ဓါတ်ကြိုးပေါ်လဲကျပြီး ဓါတ်ကြိုးပြတ်သွားခဲ့ရာ လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးရဲ့လည်ပင်းကို ထိမိပြီး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသွားသူဟာ အသက် ၅၃ နှစ်အရွယ်အမျိုး သားတစ်ဦးဖြစ်ပြီး လည်ပင်းနဲ့ ရင်ဘတ်မှာ ဓါတ်လိုက်ပြီးမီးလောင်ကျွမ်းဒဏ်ရာများနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို ဒေသလူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့ တောင်ငူ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး