Homeပြည်တွင်းသတင်းနိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကိုရေဝေးသုဿာန်တွင် ဒီနေ့ သဂြိုလ်မည်

နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကိုရေဝေးသုဿာန်တွင် ဒီနေ့ သဂြိုလ်မည်

၂၂ ဇူလိုင် ၂၀၂၅

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ကို ဒီကနေ့ ဇူလိူင် ၂၂ ရက် မနက် ၁၁ နာရီအချိန်မှာရေဝေးသုဿန်မှာ မီးသဂြိုလ်သွားမယ်လို့ သူမနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

မနေ့ကဇူလိုင် ၂၁ ရက်မှာ မဝတ်ရည်အောင်ကို အင်းစိန်ဆေးရုံကနေ ရေဝေးသုဿန်အအေးတိုက်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)က ကူညီပို့ဆောင်ပေးခဲ့ပြီး၊ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက အမိန့်စာပြန်တဲ့ အခြေအနေကိုလည်း ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ မဝတ်ရည်အောင်ဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်အတွင်းကွယ် လွန်သွားခဲ့တာဖြစ်ပြီး၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ အကျဉ်းဦးစီးဌာနက ထောင်လွတ်မိန့်ထုတ်ပေးခဲ့ပြီး မိသားစုထံသိုအ လောင်းပြန်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သူမဟာ စစ်ကောင်စီ စစ်ကြောရေးက နှိပ်စက်ညှင်း ပန်းခဲ့တဲ့ဒဏ်တွေကိုအကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ကွယ် လွန်ခဲ့ရတာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသူအဖွဲ့-WOPP အသိပေးထားပါတယ်။

မဝတ်ရည်အောင်ဟာ စစ်တပ်အာဏာ သိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ အခြားကျောင်းသား (၅) ဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ပုဒ်မ ၅၀၅ (က) ကနဲ့ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ ၅၂ (က)နဲ့ ထောင်ဒဏ် ၄ နှစ် စုစုပေါင်း (၇)နှစ် ကျခံနေရတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

ဓာတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး