Homeပြည်တွင်းသတင်းဝက်လက်မြို့နယ် လှတောကျေးရွာကို ဓားပြတိုက်ခဲ့ကြတဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကို ဖမ်းဆီးရမိထား

ဝက်လက်မြို့နယ် လှတောကျေးရွာကို ဓားပြတိုက်ခဲ့ကြတဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကို ဖမ်းဆီးရမိထား

၁၅ ဇူလိုင် ၂၀၂၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောကျေးရွာကို ဓားပြတိုက်ခဲ့ကြတဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့ဝင်တွေကို ဝက်လက်အခြေစိုက် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းမိထားပြီး စစ်ဆေး‌ တာတွေ လုပ်ဆောင်နေတယ်လို့ ပလဖအဖွဲ့နဲ့ နီးစပ်တဲ့ နယ်ခံသတင်းရင်း မြစ်‌ တွေဆီကနေ သိရပါတယ်။

ဇူလိုင် ၁‌၃ ရက် ည ၁၂ နာရီအချိန်မှာ ကျေးရွာပကဖအဖွဲ့ဝင်တွေနဲ့ PDF လူငယ် ၁၁ ဦးက ‌လှတောကျေးရွာက နေအိမ် တစ်အိမ်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

အဲဒီဓားပြတိုက်တဲ့ဖြစ်စဉ်မှာ အတိုက်ခံရတဲ့ မိသားစုဝင် ၆ ဦးထဲက အမျိုးသားတစ်ဦး ဓားနဲ့ထိုးခံရလို့ ဆေးရုံကိုအချိန်မီပို့ဆောင်ပေးမယ့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဓားပြတိုက်ရာမှာ ပါဝင်တဲ့သူတွေဟာ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့က ၂ ဦး၊ အရာတော် PDF ၂ ဦး၊ ဝက်လက်မြိုနယ် သခွတ္တော ကျေးရွာ ပကဖ ၂ ဦးနဲ့ အခြား တော်လှန် ရေး တပ်ဖွဲ့ဝင်အချို့လည်းပါဝင်ပြီး စုစုပေါင်း ၁၁ ဦးပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါးပြတိုက်ရာမှာပါဝင်တဲ့သူတွေကို မနေ့က ဇူလိုင် ၁၄ ရက် မနက် ၈ နာရီမှာ ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး