Homeပြည်တွင်းသတင်းရေးမြို့နယ်မှာ ရွှေဟင်္သာပရဟိတလူမှုကူညီရေးအသင်းဝင်နှစ်ဦး ဓားနဲ့ခုတ်ခံရ

ရေးမြို့နယ်မှာ ရွှေဟင်္သာပရဟိတလူမှုကူညီရေးအသင်းဝင်နှစ်ဦး ဓားနဲ့ခုတ်ခံရ

၁၂ ဇူလိုင် ၂၀၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာမှာ ကျေးရွာအခြေစိုက် ရွှေဟင်္သာပရဟိတလူမှုကူညီရေးအသင်းဝင်နှစ်ဦး ဓားနဲ့ခုတ်ခံရတာကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူမှုကူညီရေးအသင်းအတွင်းရေးမှူးနဲ့ အသင်းသားတစ်ဦးတို့ဟာ ဆိုင်ကယ်တစ်စီးနဲ့ လမိုင်းမြို့ကနေ မော့ကနင်ကျေးရွာကို ပြန်လာစဉ်မှာ အမျိုးသား ၄ဦးက နောက်ကနေ ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ပါလာပြီး ဓားနဲ့ ဝိုင်းခုတ်ခဲ့ကြတာလို့ လူမူကူညီရေးအသင်းက အသိပေးထားပါတယ်။

ဓားခုတ်ခံရမှုကြောင့် တစ်ဦးမှာ ဦးခေါင်း ဓားဒဏ်ရာနှစ်ချက်ရရှိခဲ့တဲ့အတွက် လမိုင်းမြို့ဆေးရုံမှဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အုပ်စုဖွဲ့ ဓားခုတ်ခဲ့သူ အမျိုးသား ၄ ဦးဟာ လမိုင်းမြို့ဒေသခံတွေဖြစ်ကြပြီး အရေးယူပေးဖို့အတွက် အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး