လက်နက်နဲ့ မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ် ကျေးမှုကို ကိုင်စွဲထားမှသာလျှင် တော် လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံး၊ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းထားပါတယ်။
အဒီလို တိုက်တွန်းလိုက်တာဟာ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) တော်လှန်ရေးလက်နက်ကိုင် သုံးဖွဲ့အကြား တိုက်ပွဲ ဖြစ်ပွားနေတာတွေပေါ် ရည်ရွှယ် တိုက် တွန်းလိုက်တာဘဲဖြစ်ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက ချင်းတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ သုံးဖွဲ့အကြား အခုလို စစ်ရေးတင်းမာနေတာတွေ ဆက်တိုက်ဖြစ်ပွားနေတာကို ဝမ်း နည်းဖွယ် ကြားသိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ကဆိုပါတယ်။
ဒီနေ့အချိန်အခါဟာ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်း သားပြည်သူလူထု တရပ်လုံးက ဝိုင်းဝန်းတော်လှန်နေချိန်ဖြစ်တဲ့အတွက် တော် လှန်ရေး အဖွဲ့အစည်းတွေ အကြား စည်း လုံးညီညွတ်မှုနဲ အပြန်အလှန် နားလည်ယုံကြည်မှုတွေကို လက်တွဲခိုင်မာစွာ တည်ဆောက်ထားရယ့် အချိန်အခါဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေအကြားမှာ ပဋိပက္ခတွေ မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ပေါ်ပေါက် လာရင်လည်း လက်နက်နဲ့ မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေး မှုကို ကိုင်စွဲထားမှသာ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်လို့ဆို ပါတယ်။
ဒါကြောင့် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအကြား အမြန်ဆုံးငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ စုစည်းညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပြီး ချင်းလူထုအကျိုး တော်လှန်ရေးအကျိုး ဆက် လက်သယ်ပိုး နိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ- ဒူဝါလရှီးလ


