မန္တလေးမြို့၊ ချမ်းမြသာစည်မြိုနယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ အကွက် (၄၆၅)၊ အေတီဝမ်း စက်ရုံအနီးနေအိမ်တစ်အိမ်မှာ ဇူလိုင်လ ၄ ရက် နေ့လယ် ၁ နာရီက Tiktok အကောင့်ကနေ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီး ၉ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေ ထံကသိရပါတယ်။
“ပန်းကလေး”နာမည်နဲ့ Tiktok အကောင့်ကနေ အမျိုးသမီးတစ်ဦးက ဆွဲဆောင် စည်းရုံးပြီး ဖမ်းဆီးရမိတဲ့အမျိုးသမီး ၉ ဦးကို ချမ်းမြသာစည်မြိုနယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊အကွက် (၄၆၅)က နေအိမ်မှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဖို့အတွက် မှတ်တမ်းဓါတ်ပုံရိုက်ကူးတာ ပြည့်တန်ဆာလုပ်ဖို့အတွက် အတင်းအကြပ်ေစေခိုင်းခြင်းတို့ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ဖို့အတွက် “ပန်းကလေး”နာမည်နဲ့ Tiktok အကောင့်နဲ့ဆွဲဆောင်စည်းရုံးသူ မဆက်(ခ)ခင်မျိုးဆက် ထွက်ပြေးတိမ်းရှောင်နေပြီး စေခိုင်းသူများဖြစ်တဲ့ ကိုခိုင်ဝင်း၊ ကိုသူရိန်၊ မခင်သီတာဝင်းနဲ့ မသော်ဇင်မိုးတို့ကို တည်ဆဲဥပဒေများအရ စစ်ဆေးအရေး ယူနိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က သိရပါတယ်။


