Homeပြည်တွင်းသတင်းလနဲ့ချီပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရ မိန်းကလေးငယ်ရဲ့ သတင်းပေးနိုင်သူကို ဆုငွေ ကျပ်သိန်း ၂၀၀ ပေးမယ်လို့ မိခင်ဖြစ်သူ ပြော

လနဲ့ချီပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရ မိန်းကလေးငယ်ရဲ့ သတင်းပေးနိုင်သူကို ဆုငွေ ကျပ်သိန်း ၂၀၀ ပေးမယ်လို့ မိခင်ဖြစ်သူ ပြော

ဇူလိုင် ၂၀၂၅

လနဲ့ချီ ပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ် ထပ်ကွမ်းဆုရထားတဲ့ ကျောင်းသူမိန်းကလေးပျောက်ဆုံးနေတဲ့အပေါ် သတင်းပေးနိုင်သူကို ဆုငွေ ကျပ်သိန်း ၂၀၀ ပေးမယ်လို့ မိခင်ဖြစ်သူက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေ အသိပေးထားပါတယ်။

အဲ့ဒီမိန်းကလေးငယ်ဟာ G12 ကျောင်း သူ အသက် ၁၇ ကျော်အရွယ် မဆုရတနာအောင်ဆိုသူ ဖြစ်ပြီး၊ ရခိုင်ပြည် နယ်၊ ကျောက်ဖြူမြို့နယ်ကနေ လှည်းကူးမြို့က ဘော်ဒါဆောင်တစ်ခုမှာပညာသင်ကြားနေသူတစ်ဦးဖြစ်ပါတယ်။

သူမဟာ ဧပြီ ၂၄ ရက်နေ့မှာ မုန့်ထွက်ဝယ်စားရာကနေ ပျောက်ဆုံးခဲ့တာဖြစ်ပြီး၊ တစ်လာကျော်ကြာ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

“ကျွန်မအသဲနှလုံး အရှင်လတ်လတ် ဆွဲ ထုတ်ခံထားရတဲ့ မိခင်တစ်ယောက်ပါ။ ကျွန်မသမီးဘယ်ရောက်သွားလဲ။ ကျွန်မအသက်ရှင်နေသရွေ့ သမီးငယ်လေး ဆုရတနာအောင်ကို ရှာနေမှာပါ ။ အခုတော့ ဘယ်တွေများရောက်နေပြီလဲ သမီးငယ်လေးရယ်။ မေမေ့ကို သေဒဏ်ထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကို ချပေးခဲ့တာလားသမီးငယ်လေးရယ်” လို့ ‌မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေးက လူမှုကွန်ရက်မှာရင်ဖွင့်ပြောဆိုထားပါတယ်။

ဒါ့အပြင် သတင်းပေးနိုင်မယ့်သူကို ဆုကြေး သိန်းရာချီ ပေးမယ်လို့ ထုတ်ပြောနေချိန်မှာပဲ ဘော်ဒါကျောင်းက ဆရာမတစ်ယောက်ကလည်း မဆုရတနာအောင်ဟာ ဘော်ဒါကနေ ပျောက်သွားတာမဟုတ်ဘဲ သူတည်းတဲ့ နေအိမ်ကနေ ပျောက်သွားတာလို့ လူမှုကွန်ရက်မှာ ရေးထားတာတွေ့ရပါတယ်။

ဓာတ်ပုံ- ဒေါ်စမ်းစမ်းအေး

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး