Homeဗွီဒီယိုညောင်ရွှေတိုက်ပွဲမှာသေဆုံးခဲ့တဲ့ စစ်သားအလောင်း ၄၀ ကျော်ကို စစ်တပ်က ၃ လ နီးပါးကြာတဲ့အထိ လာရောက်ကောက်ယူခြင်းမရှိလို့ PDFတွေ သဂြိုလ်ပေးနေရ

ညောင်ရွှေတိုက်ပွဲမှာသေဆုံးခဲ့တဲ့ စစ်သားအလောင်း ၄၀ ကျော်ကို စစ်တပ်က ၃ လ နီးပါးကြာတဲ့အထိ လာရောက်ကောက်ယူခြင်းမရှိလို့ PDFတွေ သဂြိုလ်ပေးနေရ

၁၇ ဇွန်၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ စစ်သားအလောင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်က ၃ လနီးပါးကြာတဲ့အထိ လာရောက် ကောက်ယူခြင်းမရှိသောကြောင့် ဇွန်လ ၁၆ ရက်နေ့ မှာ ပျားစစ်ကြောင်းနဲ့ အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းရှင်းလင်းသဂြိုလ်ပေးခဲ့တယ်လို့ Bees Column ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ညောင်ရွှေမြို့နယ် ၊ညောင်လေးပင်ရွာနဲ့ ရေပူရွာ အကြားမှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သားအလောင်း တွေကို စစ်ကောင်စီတပ်က ၃ လနီးပါးကြာတဲ့ အထိလာရောက် ကောက်ယူခြင်း မရှိခဲ့တာကြောင့် အခုလို ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

Video – Bees Column

ဆက်စပ် သတင်းများ

Most read