Homeပြည်တွင်းသတင်းထိုင်းရဲတွေ ရွှေ့ပြောင်းလုပ်သားတွေဆီကနေ ငွေညှစ်ယူနေတဲ့လုပ်ရပ်ကို အထူးအမှုအဖြစ်နဲ့ သတ်မှတ်စစ်ဆေးဖို့ People’s Partyရဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ တောင်းဆို

ထိုင်းရဲတွေ ရွှေ့ပြောင်းလုပ်သားတွေဆီကနေ ငွေညှစ်ယူနေတဲ့လုပ်ရပ်ကို အထူးအမှုအဖြစ်နဲ့ သတ်မှတ်စစ်ဆေးဖို့ People’s Partyရဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ တောင်းဆို

ဇူလိုင် ၂၀၂၅

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ထိုင်းရဲ(ပလိတ်)တွေက ရွှေ့ပြောင်းလုပ်သားတွေဆီကနေ ငွေညှစ်ယူနေတာမျိုးတွေကို စစ်ဆေးပေးဖို့ အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ People’s Party ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထိုင်းနိုင်ငံရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)ကို တောင်းဆိုလိုက်တယ်လို့ Thai Enquirer သတင်းမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဒီလိုလုပ်ရပ်အတွက် အုပ်စုလိုက် ဒုစရိုက်မှုနဲ့နိုင်ငံတော်အကျင့်ပျက်ခြစားမှုတွေနဲ့ ဆက်စပ်တဲ့အထူးအမှုအဖြစ် သတ်မှတ်စစ်ဆေးဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းရဲတွေ ငွေညှစ်တောင်းယူနေတာကို ဖုံးကွယ်ပေးထားတဲ့ နိုင်ငံတွင်းက အစိုးရအဆင့်မြင့်အရာရှိတွေ ဩဇာကြီးမားတဲ့ အဖွဲ့အစည်းတွေကအကာအကွယ်ပေးနေတဲ့ ဒီလုပ်ဆောင်ချက်တွေအပေါ် စုံစမ်းစစ်ဆေးဖို့ People’s Party ပါတီရဲ့ အမတ် ဝီရော့လခ်ခန် အာဆီဆွန်နဲ့ တာ့ခ်ခရိုင်အမတ် ရာချာပွန် ဆရွိုင်ဆူဝမ်တို့က DSI အကြီးအကဲ ရဲမှူးကြီး ယွတ်ထာနဖယ်ဒန်ထံကို သက်သအထောက်အထားတွေတင်သွင်းခဲ့ကြတယ်လို့ သိရပါတယ်။

တစ်နည်းအားဖြင့် ဒီလို လုပ်ဆောင်တာတွေဟာ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ တရားမဝင်စီးပွားရေးလုပ်ငန်းတွေအပြင် ထိုင်းနိုင်ငံသားတွေကို အမည်ခံထားတဲ့ အလုပ်တွေနဲ့ချိတ်ဆက်နေတယ်လို့လညိး ဆိုထားပါတယ်။

အခုလို တင်ပြတိုင်ကြားတာဟာလည်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနဲ့ အမျိုး သားလုံခြုံရေးဆိုင်ရာအန္တရာယ်တွေနဲ့ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးမှုအတွက် သတ်မှတ်ထားတဲ့အချက်တွေနဲ့အကြုံးဝင်တယ်လို့ People’s Party ပါတီရဲ့အမတ်တွေက ဆိုထားပါတယ်။

ပုံစာ − People’s Party ပါတီရဲ့

လွှတ်တော်အမတ် ဝီရော့လခ်ခန် အာဆီဆွန်ကို တွေ့ရပုံ (ဓာတ်ပုံ − People’s Party)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး