Homeပြည်တွင်းသတင်းကရင်နီတော်လှန်ရေးတပ်‌ပေါင်းစုအဖွဲ့ ပစ်ချခဲ့တဲ့ တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်မှာ စစ်ကောင်စီ လေယာဉ်မှူး၂ ဦးရဲ့ ရုပ်အပိုင်းအစများပါ တွေ့ရှိ

ကရင်နီတော်လှန်ရေးတပ်‌ပေါင်းစုအဖွဲ့ ပစ်ချခဲ့တဲ့ တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်မှာ စစ်ကောင်စီ လေယာဉ်မှူး၂ ဦးရဲ့ ရုပ်အပိုင်းအစများပါ တွေ့ရှိ

ဇူလိုင် ၂၀၂၅

ကရင်နီတော်လှန်ရေးတပ်‌ပေါင်းစုအဖွဲ့က ပစ်ချခဲ့တဲ့ တရုတ်နိုင်ငံထုတ် FTC- 2000G အမျိုးအစား တိုက်လေယာဉ်နဲ့အတူ စစ်ကောင်စီ လေယာဉ်မှုး၂ ဦးရဲ့ ရုပ်အလောင်းအပိုင်းအစတွေကိုပါ ရှာဖွေတွေ့ရှိတယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ဒီကနေ့ ဇူလိုင် ၃ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီ လေယာဉ်ဟာ ကရင်နီတပ်ပေါင်းစုံအဖွဲ့ နဲ့ တိုက်ပွဲဖြစ်နေတဲ့ ဖားဆောင်းမြို့တိုက်ပွဲကို လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့ တိုက်လေယာဉ် ၄ စီးထဲက တစ်စီးဖြစ်ပြီး၊ ဒီကနေ့ ဇူလိုင် ၃ ရက် မွန်းလွဲ၂ နာရီအချိန်မှာ ဖားဆောင်းမြို့အနီးဝန်းကျင်မှာဘဲ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးအဖွဲ့က ဖားဆောင်းမြို့ မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ စတင်တိုက် ခိုက်ခဲ့ရာ ၅ ရက်အကြာမှာ ခလရ ၁၃၄ ကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတပ်ရင်း၂ ကို တိုက်ခိုက်နေချိန်ကနေစလို့ စစ်ကောင်စီက ဂျက်ဖိုက်တာအမျိုးမျိုးအပြင် Y 12၊ Y 8 ၊ FTC- 2000G၊ Military Transport Aircraft တွေနဲ့ လေကြောင်းကနေ အပြင်းအထန် တိုက် ခိုက်ခဲ့ပြီး၊ အခု ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့ ပစ်ချခဲ့တဲ့ လေယာဉ်ကို ဇွန်၂ ရက်နေ့ နံနက်အစောပိုင်း ၁နာရီအချိန်မှာ ပစ်ချနိုင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီတော်လှန်ရေးပူပေါင်းတပ်တွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်တာတွေ၊ သာလွန်အင်အားတွေနဲ့တိုက်ခိုက်လာတာတွေကို အစွမ်းကုန်တန်ပြန်တိုက်ခိုက်သွားမယ်လို့လည်း ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ၂/၂၀၂၅ သအသိပေးချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ- KNDF

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး