ဇူလိုင်လ ၃ရက်မှာ ကျရောက်တဲ့ မြန်မာအမျိုး သမီးနေ့ကို ကြိုဆိူဂုဏ်ပြုတဲ့အနေနဲ့ ဆိုပြီး စစ်ကောင်စီက ဂုဏ်ထူးဆောင်ဆုတွေ ပေးခဲ့ပါတယ်။
အဲ့ဒီအထဲမှာ စစ်ကောင်စီကို ရပ်တည်ထောက်ခံတဲ့ ဆွေဇင်ထိုက်၊စိုးမြတ်သူဇာနဲ့မေသဥ္ဇာဦးတို့ဟာ ဂုဏ်ထူး ဆောင်တံဆိပ်တွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေဇင်ထိုက်ဟာ အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်)ကိုရရှိခဲ့တာဖြစ်ပြီး စိုးမြတ်သူဇာနဲ့မေသဥ္ဇာဦးတို့ကတော့ လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ကိုရရှိခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သီတာယုမွန်ကလည်း ရဲဗလတံဆိပ်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။


