Homeပြည်တွင်းသတင်းနောင်ဗိုကျေးရွာကို စင်ကောင်စီနဲ့ PNO က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်ဒေသခံနေအိမ် တစ်လုံးထိခိုက်ပျက်ဆီး၊ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရ

နောင်ဗိုကျေးရွာကို စင်ကောင်စီနဲ့ PNO က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်ဒေသခံနေအိမ် တစ်လုံးထိခိုက်ပျက်ဆီး၊ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရ

၂၇ ဇွန်၂၀၂၅

ရှမ်း/တောင် ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကောင်စီနဲ့ သူရဲ့ လက် အောက်ခံ PNO ပြည်သူ့စစ်က လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်(၁)လုံး ထိခိုက်ပျက်ဆီးခဲ့ရသလို ပြည်သူ (၁)ဦး ပြင်း ထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (PNO/PNLA) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုဟာ ဇွန်(၂၅) ရက် ည(၈)နာရီအချိန်မှာ ၆ဝ မမလက် နက်ကြီးနဲ့ ၉ ကြိမ်အထိ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ရပြီး၊ အဲ့ဒီနေအိမ်မှာ နေထိုင်တဲ့ အသက် (၄၉) နှစ်အရွယ် အိမ်ရှင်အမျိုးသမီး ပြင်းထန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ (၁၆) ရက်နဲ့ (၂၃)ရက်နေ့ မှာလည်း စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ဆီဆိုင်မြို့နယ် ထဲက တပူးထိုကျေးရွာအတွင်းလူနေအိမ်တွေကို မီးရှို့ခဲ့ဖျက်စီးခဲ့ပါသေးတယ်။

ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စုအတွင်းမှာ လတ်တလော စစ်ရေးလှုပ် ရှားမှုနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည် သူ့စစ်က ပြည်သူလူထုတွေရဲ့ နေအိမ်ကိုအကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ PNO/PNLA ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓာတ်ပုံ-PNO/PNLA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး