Homeပြည်တွင်းသတင်းနောင်ချိုကိုပြန်လည်ရရှိရေး စစ်ကောင်စီတပ် အသဲအသန်ကြိုးပမ်းနေ

နောင်ချိုကိုပြန်လည်ရရှိရေး စစ်ကောင်စီတပ် အသဲအသန်ကြိုးပမ်းနေ

၂၆ ဇွန်၊ ၂၀၂၅

တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က အင်းအားအများအပြားသုံးပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ TNLA စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

စစ်ကောင်စီတပ် နဲ့ TNLA တို့အကြား နောင်ချိုမြို့နယ်အတွင်းက နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီး နဲ့ ဆမ္မဆယ်ကျေးရွာကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

“သူတို့က အသဲအသန်ကြိုးစားနေတာ၊ လေကြောင်းပစ်ကူလည်း အများကြီးသုံးတယ်၊ ၂ ဖက်အထိအခိုက်လည်း များတယ်။”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က မြေပြင်မှာ ထိုးစစ်တွေ လုပ်ဆောင်နေသလို ဇွန်လ ၂၄ ရက်တရက်တည်း လေကြောင်းကနေ ဗုံး ၁၃၀ လုံး ၊ ဒရုန်း နဲ့ ဗုံး ၆၀ လုံး အထိ ကြဲချတိုက်ခိုက်ခဲ့သလို ဇွန်လ ၂၅ ရက်မှာလည်း ၂၈ လုံးနဲ့ ၆၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး တဖက်သတ်အပစ်ရပ်ထားတာကို စစ်တပ်က အခွင့်ကောင်း ယူပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး