Homeပြည်တွင်းသတင်းကလေးစစ်သား စုဆောင်းမှုမြင့်တက်လာတဲ့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂရဲ့ နိုင်ငံတကာ List of Shame စာရင်းတွင် ထည့်သွင်း

ကလေးစစ်သား စုဆောင်းမှုမြင့်တက်လာတဲ့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂရဲ့ နိုင်ငံတကာ List of Shame စာရင်းတွင် ထည့်သွင်း

၂၁ ဇွန် ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်‌ ကောင်စီက ကလေးစစ်သား စုဆောင်းမှု‌တွေ ပြုလုပ်လာတဲ့အပေါ် ကုလသမဂ္ဂရဲ့ နိုင်ငံတကာ List of Shame စာရင်းမှာ ထည့်သွင်းထားတယ်လို့ နိုင်ငံ တကာလူ့အခွင့် အရေး စောင့်ကြည့် ရေး အဖွဲ့ (HRW) က ဇွန် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ယမန်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ပြီးနောက် ကလေးစစ်သားစုဆောင်းမှု၊ ရှေ့တန်းမှာလမ်းပြခိုင်းတာတွေ၊၊ ပေါ်တာဆွဲလူသားဒိုင်းအနေနဲ့ အသုံးပြုနေတာတွေ များပြားလာတယ်လို့ သိရပါတယ်။

နိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေအကြားကလေးသူငယ်တွေအပေါ် ကျူးလွန်မှုပေါင်း ၂,၁၃၈ ခု အတည်ပြုထားနိုင်ပြီး နောက်ထပ် ချိုးဖောက်တဲ့အမှုပေါင်း ၁,၂၀၀ ခုခန့်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ် တယ်လို့လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ဇွန် ၁၉ရက် က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီက ကလေးစု‌စစ်သားစုဆောင်းရာမှာ အလုပ်ပြန်ချိန်၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေချိန်၊ အဖော်မဲ့နေချိန်တွေမှာ ပေါ်တာဆွဲတာတွေပြုလုပ်နေတာအပြင် ကလေးတွေကို ရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်ပြီး လမ်းပြခိုင်းတာ ကအစ လူသားဒိုင်းအနေနဲအသုံးပြုနေတယ်လို့ သိရပါတယ်။

“မြန်မာစစ်တပ်က ကလေးတွေကို ပေါ်တာဆွဲတာ၊ လမ်းပြနဲ့ တိုက်ခိုက်ရေး အခန်းကဏ္ဍတွေမှာ အသုံးပြုခဲ့ သမိုင်းရှိပါတယ်။ စစ်အစိုးရအနေနဲ့ ကလေးစစ်သားအသုံးပြုတာကို ချက်ချင်းရပ်တန့်ပြီး ကလေးစစ်သား စုဆောင်း မှုအားလုံးကို သူတို့ရဲ့တပ်တွေကနေ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအရာရှိတွေနဲ့ ပေါင်းဆောင်ရွက်သင့် တယ်” ဟု Human Rights Watch မှ အာရှသုတေသီ Shayna Bauchner က ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ချိုးဖောက်မှုကြီး ၅ ခုဖြစ်တဲ့ စစ်သားအဖြစ် အသုံးပြု စုဆောင်းတာ၊ သတ်ဖြတ်တာနှင့် အကြီးအကျယ် ဒဏ်ရာရရှိစေတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ စာသင် ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာကြောင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ List of Shame စာရင်းမှာ မြန်မာစစ်တပ်ကို ထည့်သွင်းထားတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ်တုန်းက မြန်မာစစ်တပ်အနေနဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းခတာနှင့် အသုံးပြုတာကို ရပ်တန့်ဖို့ ဆိုတဲ့ကုလ သမဂ္ဂနဲ့ ပူးတွဲလုပ်ဆောင်မယ့်အစီအစဉ်တွေ လက်မှတ်ရေးထိုးခဲ့ပေမယ့် ကလေးစစ်သားစု‌ေဆာင်းတဲ့ပြဿနာက ယနေ့အထိ ကြီးထွားလာနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး