ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာကို စစ်ကောင်စီလက် အောက်ခံ PNO ပြည်သူ့စစ်က ရွာလုံးကျွတ်မီးရှို့ဖျက်စီးခဲ့ရာမှာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
PNO ပြည်သူ့စစ်အဖွဲ့တွေဟာ တပူးထိုကျေးရွာအတွင်း ၄ လကြာ တပ်စွဲထားခဲ့တာဖြစ်ပြီး ပြီးခဲတဲ့ ဇွန်လ ၇ ရက်နေ့ကစလို့ ဒေသခံရွာသူရွာသားတွေကို ရွာအတွင်းက မောင်းထုတ်ပြီးနောက် ကျေးရွာကို မီးတင်ရှို့ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။
တပူးထိုကျေးရွာကို PNO ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့တဲ့ ဇွန် ၁၂ ရက် ညပိုင်းကစလို့ မီးရှိုခဲ့တာဖြစ်ပြီး ဇွန် ၁၃ ရက် နေ့ ညပိုင်းအထိမီးလောင်မှုဖြစ်ပွားခဲ့က နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါအပြင် စစ်ကောင်စီလက်အောက်ခံ PNO ပြည် သူ့စစ်တွေဟာ ဆီဆိုင်မြိုနယ်မှာရှိတဲ့ နောင်ကျောကျေး ရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနဲ့ တောင်ရှေ့ကျေးရွာ အုပ်စုက နောင်ထော် ၆ရွာ ၊ ကလားလမ်ရွာတွေက ဒေသခံပြည်သူ ၄,ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းက ထွက်သွားရမယ်လို့ မောင်းထုတ်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – PNLA