Homeပြည်တွင်းသတင်းအချိန်မှီဆေးဝါးကုသခွင့်မရလို့ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတစ်ဦး သေဆုံး

အချိန်မှီဆေးဝါးကုသခွင့်မရလို့ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတစ်ဦး သေဆုံး

၁၃ ဇွန် ၊၂၀၂၅

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသူတစ်ဦး အချိန်မှီဆေးဝါးကုသခွင့်မရတာကြောင့် ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ထံက သိရပါတယ်။

သေဆုံးခဲ့သူမှာ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်း ဆိုသူဖြစ်ပြီး Bright Future Federal School မှာ စာသင်ကြားပေးခဲ့တာကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးခံခဲ့ရသူဖြစ်ကြောင်းနဲ့ အကျဉ်းထောင်းအတွင်း တီဘီရောဂါခံစားရစဉ် ပြင်ပဆေးရုံမှာ ဆေးဝါးကုသခွင့် တောင်းခံခဲ့ပေမယ့် မရရှိခဲ့တာကြောင်ဖြစ်တယ်လို့ WOPP က ထုတ်ပြန်ထားပါတယ်။

ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး သွေးအန်လွန်းသည့်အတွက် အသက်သေဆုံးခါနီးမှသာ ထောင်အာဏာပိုင် တွေက ပြင်ပကို ဆေးကုခွင့်ပြုခဲ့တာကြောင့် အချိန်မှီ ဆေးကုသခွင့် မရရှိဘဲ သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အိုးဘိုအကျဉ်းထောင် အတွင်း မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်း သား၊သူ တွေအပါအဝင် အကျဉ်းကျခံနေရသူတွေရဲ့ ဖြစ်စဉ်တွေကိုလည်း ထောင်အာဏာပိုင်တွေက သတင်းအမှောင်ချဖုံးကွယ်မှုတွေပြုလုပ်ထားတယ်လို့လည်း WOPP က ဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read