ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်အတွင်းက ရွှေဆိုင်တစ်ဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စု ဝင်ရောက် ဓားပြတိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။
မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို မေလ ၂၁ ရက်နေ့ မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်လူတစ်စု အဖြူရောင် Crown ကားတစ်စီးနဲ့ ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ဆိုင်ပိုင်ရှင်ကို ရိုက်နှက်ခဲ့တယ်လို့လည်း သိရ ပါတယ်။
အဆိုပါ ဓားပြလာတိုက်လာတိုက်တဲ့ အမျိုးသား ၅ ဦးမှာ အသက်၂၀ ကျော်အရွယ် လူငယ်တွေဖြစ်ပြီး သေနတ် အတို၊ အရှည် ၊စကားပြောစက်တွေ အသုံးပြုကာ ဝင်ရောက် ဓားပြတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ကာလ တန်ဖိုး မသိရသေးပေမယ့် ဖုန်းနဲ့ရွှေငွေအမြောက်အများကို လုယက်ဓားပြတိုက်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မူဆယ်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားမှုများရှိနေသလို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်း ၁၅ ဖွဲ့ထက်မနည်းလှုပ်ရှားနေတဲ့ မြို့တစ်မြို့ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – Wikipedia