စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေ တွေနဲ့ထိစပ်လျှက်ရှိ တဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသကျေးရွာများရှိ အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်လျှက်ရှိတဲ့ အခြေခံပညာအဆင့် ကျောင်းဆရာ၊ဆရာမ
တွေကို နှောက်ယှက်ဟန့်တားသူ မည်သူမဆို အရေးယူမယ်လို့ CDF-Asho သတိပေးထားပါတယ်။
မိမိတို့ CDF – Asho အနေနဲ့ ဆရာ/ဆရာမတွေအပေါ် ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်း သိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စတွေကို ဝင်ရောက်စွက် ဖက်ခြင်းအား လုံး၀ပြုလုပ်မှာမဟုတ်သလို၊ ထို့သို့ပြုလုပ်သူ မည်သူမဆိုကိုလည်း တားမြစ်အရေးယူမှာဖြစ်တယ်လို့ မေလ ၁၉ ရက်နေ့က ထုန်ပြန်မှုမှာ အသိပေးထားပါတယ်။
၂၀၂၅-၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းနေအရွယ် ကလေး သူငယ်များ ပညာသင်ကြားရန်လိုအပ်လျှက်ရှိ ရှိနေတာကိုတွေ့ရှိနေရတယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် အခြေခံပညာအဆင့် ပညာရေးဝန် ထမ်း တွေအနေနဲ့ ကျောင်းနေအရွယ် ကလေးတွေကို စေတနာ၊ ဝါသနာ၊ အနစ်နာ (၃)ချက်ကို ခံယူအလေးထားလျှက် လွတ်လပ်စွာသင်ကြားမှု ပြုလုပ်ဖို့လည်း CDF-Asho က မေတ္တာရပ်ခံထားပါတယ်။
ဓာတ်ပုံ − CDF-Asho