Homeပြည်တွင်းသတင်းတောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရမှုမှာ ဒုဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦးသေဆုံးပြီး ဂျက်ဖိုက်တာတွေ ပျက်စီးခဲ့

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရမှုမှာ ဒုဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦးသေဆုံးပြီး ဂျက်ဖိုက်တာတွေ ပျက်စီးခဲ့

၁၉ မေ၊ ၂၀၂၅

တောင်ငူ(ကေတုမတီ) လေတပ်စခန်းကို မေလ ၁၈ ရက်က ၁၀၇ မမ ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို လေတပ်အရာရှိ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ကနေ သိရပါတယ်။

ဒါ့အပြင် လေအုပ်အပါအဝင်အခြားအဆင့်စစ်သည် ၆ ဦးလည်း နေရာမှာပင်သေဆုံးခဲ့သလို လေတပ်အတွင်း ဒရုံးဂိုဒေါင်မီးလောင်ပျက်စီးသွားပြီး Jet Fighter ၂ စီး ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Y 8 ၁ စီးလည်း ထိခိုက်မှုရှိခဲ့ပြီး လေယာဉ်အပိုပစ္စည်းဂိုဒေါင် ၂လုံး ပျက်စီးသွားသလို လေတပ်စစ်သည် ၁၂ ဦး ဒဏ်ရာရရှိထားပြီး စစ်ဆေးရုံကို ပို့ဆောင်ထားကြောင်းလည်းစုံစမ်းသိရှိရတယ်လို့ Brave Warriors for Myanmar (BWM) က မေလ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၁ လုံးပစ်ခတ်တိုက်ခိုက်ရာမှာ ၈ လုံးအောင်မြင်စွာ ပစ်ခတ်နိုင်ကြောင်း Brave Warriors for Myanmar (BWM) က မေလ ၁၈ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီ ပစ်ခတ်မှု မေလ ၁၈ ရက် မနက် ၁ နာရီ ၄၈ မိနစ် အချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှု နဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက် က တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ငူ(ကေတုမတီ) လေတပ်ကို Brave Warriors for Myanmar (BWM) အဖွဲ့က ဦးဆောင်ပြီး တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေတပ်ရဲမေနဲ့ လေတပ်အရာရှိတွေ အပါအဝင် ၁၁ ဦးသေဆုံးပြီး အဆာက်အဦးများ မီးလောင်ပျက်စီးခဲ့ Brave Warriors for Myanmar (BWM) ကထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read