Homeပြည်တွင်းသတင်းသပိတ်ကျင်း လိပ်ကျရွာကို စစ်ကောင်စီတပ် ဗုံးထပ်ကြဲ အရပ်သား ၂ ဦး ဒဏ်ရာရ

သပိတ်ကျင်း လိပ်ကျရွာကို စစ်ကောင်စီတပ် ဗုံးထပ်ကြဲ အရပ်သား ၂ ဦး ဒဏ်ရာရ

မေ ၁၉၊၂၀၂၅

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို စစ်ကောင်စီတပ် ဗုံး ထပ်ကြဲခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပြင်ဦးလွင်ခရိုင်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

လိပ်ကျရွာကို မေလ ၁၈ ရက် ည ၇ နာရီဝန်းကျင်မှာ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသား ၂ ဦး ဒဏ်ရာ ရခဲ့ပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တပ်က ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း လိပ်ကျရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်တပ်က မန္တလေးတိုင်း မိုးကုတ်၊ သပိတ် ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေမှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေတယ် လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မေလ ၁၅ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သံဃာတော်နဲ့ ကလေးအပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာ ရခဲ့တယ်လို့လည်း သိရပါတယ်။

ဧပြီလက နေ မေလ အလယ်အထိ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦး သေဆုံးပြီး ‌၁၄၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန် ထားပါတယ်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပြင်ဦးလွင်ခရိုင်

ဆက်စပ် သတင်းများ

Most read