Homeပြည်တွင်းသတင်းဧပြီလအတွင်း တနင်္လာရီတိုင်းမှာ အရပ်သား ၉ ဦးသေဆုံး ဖမ်းဆီးခဲ့သူဦးရေ ၂၃၂ ဦးထက်မနည်းရှိခဲ့

ဧပြီလအတွင်း တနင်္လာရီတိုင်းမှာ အရပ်သား ၉ ဦးသေဆုံး ဖမ်းဆီးခဲ့သူဦးရေ ၂၃၂ ဦးထက်မနည်းရှိခဲ့

မေ ၁၇ ၊၂၀၂၅

တနင်္လာရီတိုင်းအတွင်းမှာ လက်ရှိဧပြီလအတွင် အရပ်သားသေဆုံးမှု ၉ ဦးအထိရှိခဲ့ပြီး ဖမ်းဆီးခဲ့သူဦးရေ ၂၃၂ ဦးထက်မနည်းရှိခဲ့တယ်လို့ FE5Tanintharyi ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ယခုလအတွင်း စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၆ ဦးရှိခဲ့ ပြီး မည်သည့်အဖွဲ့က သတ်မှန်းမသိ လက်သည်မပေါ်ဘဲ အသတ်ခံရမှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေး လုပ်ငန်းစဉ်ကြောင့် သေဆုံးခဲ့ရသူ ၁ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၆ ဦးတွင် ၃ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး ၂ ဦးမှာ လက်နက်ကြီးကျည်ဆန် ထိမှန်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်းနဲ့ အခြား တစ်ဦးမှာမူ စစ်ကောင်စီတပ်သားတွေရဲ့ အဓမ္မနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ထုတ် ပြန် ထားပါတယ်။

ဒလန်အဖြစ် အသက်ခံရသူမှာလည်း စစ်ကောင်စီ နဲ့ ပူးပေါင်းပြီး အိမ်ခြံမြေတွေမတရားသိမ်းယူနေတာကြောင့် ကော့သောင်းမြို့နယ်၊ မြို့ပြပြောက်ကျား(‌ဗိုလ်သမန်းကျား)အဖွဲ့က ဝင်ရောက်ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန် ထားတယ်လို့ လည်း ဆိုပါတယ်။

ဆက်လက်ပြီး တနင်္သာရီတိုင်းတွင်းမှာ ဧပြီလအတွင်း စစ်ကောင်တပ်က အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီး ခဲ့သူဦးရေ ၂၃၂ ဦးထက်မနည်းရှိခဲ့ပြီး ၅၀ ဦး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

ဧပြီလအတွင်း ထားဝယ်ခရိုင်မှာ အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ၄၈ ဦး ပြန် လည် လွတ်မြောက်လာခဲ့ကြောင်း၊မြိတ်ခရိုင်တွင် အရပ်သားပြည်သူ ၂၈ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ၂ ဦး ပြန်လွတ်လာခဲ့သလို ကော့သောင်းခရိုင်မှာ အရပ်သားပြည်သူ ၄ ဦးဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာသူ မရှိသေးဘူးလို့ လည်း ဆိုပါတယ်။

ဒါ့အပြင် ဧပြီလအတွင်း ထိုင်းနိုင်ငံဘက်က နေရပ်ပြန်ပို့လာသူ ၂၀၈ ဦး ရှိခဲ့တဲ့အနက် ၁၅၀ နီးပါး စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရကြောင်းနဲ့ တော်လှန်ရေးတပ်တွေက ဖမ်းဆီးခဲ့မှုတွေအတွင်း ထားဝယ်ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးခဲ့သူ ၂၃ ဦးရှိခဲ့ ကြောင်းနဲ့ မြိတ်ခရိုင်မှာ ပြည်သူ့ကာကွယ် ရေးအဖွဲ့ တွေက ၄ ဦး ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read