မန္တလေးမြို၊ မဟာအောင်မြေမြို့နယ်၊၃၆လမ်းနဲ့ ၃၇ လမ်းကြား၊ ၈၃လမ်း နဲ့ ၈၄လမ်းကြားကနေအိမ် တအိမ်မှာ မေလ ၁၁ ရက်နေ့လယ်ပိုင်းက ကောင်မလေးနဲ့ အဆင်မပြေလို့ လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မဏီစလ လူမှုကူညီရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူချန်ထားခဲ့တဲ့စာရွက်ပေါ်မှာ ခုရေးထားတဲ့စာကို သူချစ်တဲ့ကောင်မလေးဆီပို့ပေးဖို့၊အမေ့ကိုလည်းတောင်းပန်ထားတဲ့အပြင် ကောင်မလေးအပေါ် ရူးမိုက်စွာချစ်မိတာကြောင့် ကောင်မလေးမရှိဘဲ မနေနိုင်ဘူးလို့ သူ့အမေကို ပြောကြားထားပါတယ်။
သူမရှိတော့ရင်လည်း သူ့ကို အမျှမဝေဖို့နဲ့သူချစ်တဲ့ ကောင်မလေးနားမှာ နေချင်တယ်လို့ ရေးသားထားပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို မဏီစလလူမှုကူညီရေးအသင်း မော်တော်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။