စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း မူးမြိုနယ် နောင်အင်းရွာက အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ မေ လ ၉ ရက်နေ့က ထုတ်ပြန်ထားမှုအရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်က မူးမြိုနယ် ခေါင်းအင်းရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၅၇ အရွယ် ဒေါ်ရီမြင့်နဲ့ ၆၇ အရွယ် ဦးလှမြင့်တို သေဆုံးခဲ့ပြီး ၁၂ နှစ်အရွယ် မပိုးဒီနဲ့ ၃ နှစ်အရွယ် မောင်ငွေပေါ ကျည်စထိလို ဒဏ်ရာရခဲ့သလို ထွနီကုန်းရွာသို စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့လို စောကော်လားသူးဆိုသူ ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေလ ၅ ရက်ကလည်း စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်မှုကြောင့် အရပ်သား နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ကြောင်းနဲ့ ဧပြီ ၂၈ ရက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မူးမြိုနယ်က အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။။
အပစ်ရပ်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်ဒေသက သံဃာ ၄ ပါးအပါအဝင် အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့လည်း ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မှာ KNU က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – KNU