Homeအထူးသတင်းရန်ကုန်ကို လျှပ်စစ်မီးပေးမယ့် V Powerသင်္ဘော တကျော့ပြန်လာဖို့ မသေချာ

ရန်ကုန်ကို လျှပ်စစ်မီးပေးမယ့် V Powerသင်္ဘော တကျော့ပြန်လာဖို့ မသေချာ

မေ၊ ၂၀၂၅

သီလဝါဆိပ်ကမ်းမှာ အခြေစိုက်ပြီး ရန်ကုန်မြို့ကို မီးပေးခဲ့တဲ့ ဟောင်ကောင် အခြေစိုက် V Power သင်္ဘောဟာ ရန်ကုန်ကို တကျော့ပြန်လာဖို့ မသေချာဘူးလို့ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ အဆိုပါ သင်္ဘောပြန်လာနိုင်ချေရှိတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် စစ်ကောင်စီ ကတော့ ပြန်လည်လုပ်ကိုင်ဖို့ ခေါ်ဆောင်တာမရှိပါဘူး။

“ပြန်လာဖို့ဆိုတာမသေချာပါဘူး။ အကုန်လုံးသိတဲ့အတိုင်းပဲ။ သတင်းတွေကတော့ဒီလိုပဲ ထွက်နေတာပေါ့” လို့ စွမ်းအင်ဝန်ကြီးဌာနက တာဝန်ထမ်းဆောင်ဆဲ Non – CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။

နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်စေဖို့ NLD အရပ်သားအစိုးရလက်ထက်က သဘာဝဓာတ်ငွေ့ရည်(LNG)ကနေ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် ဓါတ်ငွေ့ရည်တင်သင်္ဘောV Power သင်္ဘော ဟာ ၂၀၂၀ နိုဝင်ဘာလမှာ ဆိုက်ကပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းမှာ နှစ်အတန်ကြာ လုပ်ကိုင်ခဲ့တဲ့ V Power ကုမ္ပဏီဟာ စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာ နိုင်ငံခြားသုံးငွေ လျော့နည်းလာပြီး ပြည်ပကုမ္ပဏီတွေ စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲလာတဲ့အတွက် ၎င်းရဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကို ရပ်နားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read