Homeပြည်တွင်းသတင်းဖုန်းထဲမှာ VPN တွေ့ရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်မှုတွေဖြစ်ပေါ်နေ

ဖုန်းထဲမှာ VPN တွေ့ရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်မှုတွေဖြစ်ပေါ်နေ

၁၃ ဇွန်၊ ၂၀၂၄

မိုဘိုင်းဖုန်းတွေထဲမှာ VPN ထည့်ထားတာတွေ့ရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်မှုတွေဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေရသူတွေက New Day Myanmar ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေမှာပဲဖြစ်ဖြစ် လမ်းမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးတာပဲဖြစ်ဖြစ် ကြုံရတဲ့ အခါ ဖုန်းထဲမှာ VPN ထည့်ထားတာကို မြင်ရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုတွေရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

“ကျွန်တော် ဖုန်းအစစ်ခံရတော့ အထဲမှာ VPN ထည့်ထားတာကိုလည်းတွေ့ရော ဖမ်းမယ် ဆီးမယ်ဆိုပြီး လုပ်တယ်။ နောက်တော့ အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီး အိမ်က ပိုက်ဆံ ၅ သိန်းနဲ့လာရွေးခိုင်းတယ်။ VPN လည်း ဖျက်ခိုင်းတယ်။ ပိုက်ဆံပေးမှ ပြန်လွှတ်ပေးတယ်။” လို့ ဧရာ၀တီတိုင်းမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက New Day Myanmar ကိုပြောပါတယ်။

ဒါအပြင် ရန်ကုန်မြို့မှာ နေထိုင်သူ တဦးကလည်း VPN သုံးတာတွေ့ရင််ထောင်ချမယ်ဆိုတဲ့ ကောလဟာလတွေပျံ့နှံ့နေတာကြောင့် အပြင်သွားတဲ့ အခါမှာ VPN ကို ဖျက်ပြီးမှ သွားရတဲ့ အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက စပြီး VPN သုံးစွဲမှုတွေကို ကန့်သတ်ပိတ်ပင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကလည်း VPN သုံးစွဲရင် ထောင် ၃ နှစ်အထိချနိုင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေကို ပြဌာန်းဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read