မြေငလျင်ကြီးမားစွာလှုပ်ခတ်မယ်ဆိုပြီး Tiktok အကောင့်ကတစ်ဆင့် ဖြန့်ဝေခဲ့တဲ့ John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲကို ဧပြီ ၂၂ ရက်မှာ ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၁ ရက်မှာမြေငလျင်ကြီးမားစွာလှုပ်ခတ်မယ်ဆိုပြီး ဖြန့်ဝေခဲ့တာကြောင့် နေအိမ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျွန်မိုးသဲဟာ ဗေဒင်လက္ခဏာပညာကို အသုံးချပြီး မြေငလျင်နဲ့ ပတ်သက်တဲ့ပို့စ်တွေကို အများပြည်သူအထိတ်တလန့်ဖြစ်စဖို့ ရည်ရွယ်ပြီး မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
နောင်ကို အလားတူမဟုတ်မမှန်သတင်းအမှားတွေကို ရေးသားဖြန့်ဝေတဲ့သူတွေကိုလည်း စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း သဘာဝဘေးအန္တရာယ်နဲ့ပတ် သက်တဲ့ သတင်းအမှားတွေကို မယုံကြဖို့ အသိပေး စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။