Homeပြည်တွင်းသတင်းပုတ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီ

ပုတ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီ

၂၁ ဧပြီ၊ ၂၀၂၅

ပုတ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် မနက် ၇ နာရီ ၃၅ မိနစ်က ဗာတီကန် နန်းတော်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဗာတီကန်က သတင်းထုတ်ပြန်ပါတယ်။

အသက် ၈၈ နှစ်အရွယ် ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက် ဗာတီကန်နန်းတော် မှာပဲ ၂ လလောက် နားနားနေနေ နေဖို့ ဆရာဝန်တွေက အကြံပြုခဲ့တဲ့နောက် ကွယ်လွန်သွားတာဖြစ်ပါတယ်။

ရဟန်းမင်းကြီးဟာ အသက် ၂၁ နှစ်အရွယ်မှာ အဆုတ်ရဲ့အစိတ်အပိုင်းအချို့ကို ဖယ်ရှားကုသခဲ့တာကြောင့် ကူးစက်ရောဂါဒဏ်ကို ခံစားရမှုဖြစ်စေခဲ့တယ်လို့ဆရာဝန်တွေကကောက်ချက်ချထားပါတယ်။

ဆက်စပ် သတင်းများ

Most read