Homeပြည်တွင်းသတင်းနှစ်ဆန်း (၁)ရက်နေ့မှာ မိုးကုတ်မြို့နယ်ရှိ ကဆုတ်ကျေးရွာ ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်

နှစ်ဆန်း (၁)ရက်နေ့မှာ မိုးကုတ်မြို့နယ်ရှိ ကဆုတ်ကျေးရွာ ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်

၁၇ ဧပြီ၊၂၀၂၅

မိုးကုတ်မြိုအရှေ့ပိုင်း ကဆုတ်ကျေးရွာကို စစ်ကောင်စီတပ်က မြန်မာနှစ်ဆန်း (၁)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေတွေကို မသိရှိရသေးဘူးလို့လည်း TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့ မှ ဧပြီလ ၂၂ ရက်နေ့ အထိ ရက်ပေါင်း ၂၀ ကြာ အပစ်ခတ်ရပ်စဲခဲ့ပေမယ့် TNLAအုပ်ချုပ်တဲ့ မြို့ နယ်တွေကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လေကြောင်းနဲ့ ဗုံးကျဲခြင်းတွေ လုပ်ဆောင်နေတယ်လို့လည်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – PSLF/TNLA

ဆက်စပ် သတင်းများ

Most read