Homeပြည်တွင်းသတင်းအကျဉ်းသား/အကျဉ်းသူ ၄၈၀၀ ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပြု

အကျဉ်းသား/အကျဉ်းသူ ၄၈၀၀ ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပြု

၁၇ ဧပြီ ၊ ၂၀၂၅

စစ်ကောင်စီက အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/အကျဉ်းသူ ၄၈၀၀ ကျော်ကို ဧပြီ ၁၇ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) မှာ လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။

စစ်ကောင်စီဥက္ကဌအနေနဲ့ မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေး ချမ်းစေရေးနဲ့ လူမှုရေးအရငဲ့ညှာသောအားဖြင့် လည်းကောင်း ရည်ရွယ်၍ လွတ်ငြိမ်းခွင့်ပြုတယ်လို့ ဆိုပါတယ်။

ထို့ကြောင့် အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/အကျဉ်းသူ ၄၈၉၃ ဦး ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ် ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံ ပါမည်” ဟူသော စည်းကမ်း သတ်မှတ် ချက်နဲ့ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read