Homeပြည်တွင်းသတင်းအင်းတော်မြို့သိမ်းတိုက်ပွဲမှာ လက်နက်အများအပြားသိမ်းဆည်းရမိ

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ လက်နက်အများအပြားသိမ်းဆည်းရမိ

ဧပြီ၊ ၂၀၂၅

အင်းတော်မြို့နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ ဂျပန်လှိုင်ဂူကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် ည ၈ နာရီလောက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားရှိခဲ့သလို လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပြင် ABSDF ကျောင်းသားတပ်မတော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၈ လအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

ဆက်စပ် သတင်းများ

Most read