Homeပြည်တွင်းသတင်းတေးသံရှင် “ရေမွန်/Raymond(Idiots) ရဲ့သီချင်းစာသားဖြစ်စေ ရုပ်ပုံကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲယူသုံးပါက တရားစွဲဆိုမည်

တေးသံရှင် “ရေမွန်/Raymond(Idiots) ရဲ့သီချင်းစာသားဖြစ်စေ ရုပ်ပုံကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲယူသုံးပါက တရားစွဲဆိုမည်

၁၂ မတ် ၊ ၂၀၂၅

တေးသံရှင် ရေမွန်/Raymond(Idiots) မကွယ်လွန်မီအချိန်အထိ ရေးသားသီဆိုခဲ့သော တေးသီချင်း များကိုဖြစ်စေ ရုပ်ပုံကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲယူသုံးပါက တရားစွဲဆိုသွားမယ်လို့ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်က တရားဝင်အသိပေးကြေညာလိုက်ပါတယ်။

၎င်း မကွယ်လွန်မီအချိန်အထိ ရေးသားသီဆိုခဲ့သော တေးသီချင်း စာသားများနှင့် ပတ်သက်၍ ၎င်း၏မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်[၁၂/လမတ(နိုင်)၀၁၂၈၆၉]နှင့် ကျန်ရှိသောမိသားစုဝင်များ၏ သဘောတူ ခွင့်ပြုချက်တစ်စုံတစ်ရာ တောင်းခံရယူခြင်းမရှိဘဲ မည်သူ တစ်ဦးတစ်ယောက်ကမျှ တေးသီချင်းများ၊ တေးစာသားများ၊ တေးသံစဉ်များ နှင့်တကွ နာမည်ထင်ပေါ်ကျော်ကြားမှုကို အကြောင်းခံ၍ ၎င်း၏ရုပ်ပုံ၊ ဓာတ်ပုံ၊ စတေကာများကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူပြီး မည်သည့်နေရာတွင်မှ သုံးစွဲခြင်းမပြုလုပ်ရန် အသိပေး တားမြစ်ထား ပါတယ်။

အကယ်၍ လိုက်နာခြင်းမရှိပါက ပြုလုပ်ဆောင်ရွက်သူများအပေါ် တရားဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Idiots အဖွဲ့ဝင် အဆိုတော် ရေမွန် ဟာ ၂၀၂၁ ခုနှစ် (ဇွန်လ ၂၃ ရက်)က ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်သွား တာကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Photo – social media

ဆက်စပ် သတင်းများ

Most read