Homeပြည်တွင်းသတင်းယောကာကွယ်ရေးတပ်ဖွဲ့နဲ့ ယောတပ်တော် ပူးပေါင်း

ယောကာကွယ်ရေးတပ်ဖွဲ့နဲ့ ယောတပ်တော် ပူးပေါင်း

၄ မတ်၊ ၂၀၂၅

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နဲ့ ယောတပ်တော် ပူးပေါင်းပြီး တပ်တစ်ခုတည်းအဖြစ် အတူတည်ဆောက် တိုက်ပွဲဝင်သွားမယ်လို့ ယောတပ်တော် က မတ်လ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

တပ်နှစ်ခု ပေါင်းစည်းရေးအတွက် ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မှ ပေါင်းစည်းနိုင်ခဲ့တာဖြစ်တယ်လို့ လည်း ကြေညာပါတယ်။

အခုစုပေါင်းနိုင်မှုဟာ ယောအမျိုးသားတည် ဆောက်ရေး၊ ညီညွတ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်ကို ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်ရန် အင်အားတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ယောကာကွယ်ရေး တပ်ဖွဲ့နဲ့ ယောတပ်တော်ဟာ မဟာဗျူဟာအရ ချင်းပြည်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် နဲ့ မန္တလေးတိုင်း ဆုံချက်နေရာမှာ ခြေကုပ်ယူထားတဲ့ အားကောင်းတဲ့ တပ်ဖွဲ့ဖြစ်ပြီး အာရက္ခတပ်တော် AA၊ ချင်းညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ စစ်ရေးအရ ပူးပေါင်းမှုတွေရှိပါတယ်။

ဆက်စပ် သတင်းများ

Most read