၂၅ ဖေဖော်ဝါရီ၊ ၂၀၂၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရေနံမြေထဲမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက် ၁၀ နာရီလောက်က မင်္ဂလာဆောင်ပြုလုပ်နေချိန် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲလိုက်ခိုက်ခဲ့လို့ သေဆုံးသူများပြားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြိုင်မြို့နယ် အနောက်ပိုင်းမှာရှိတဲ့ ရေနံလုပ်ကွက်အနီးမှာရှိတဲ့ ကုန်းကျေးရွာ ၊ ဘုန်ကြီးကျောင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးရဲ့ မင်္ဂလာဆောင်ပြုလုပ်နေချိန်မှာ လေကြောင်းကနေ ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ သေဆုံးသူ ၁၀ ဦးကျော်ရှိနေပြီး အတိအကျမသိရသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီ လေတပ်က ထပ်မံဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Photo – CJ