၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅
ဘီးလင်းမြို့နယ်၊ ကော်ဟဲကျေးနယ်အုပ်စု၊ကော်ဟဲကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကျဲတိုက်ခိုက်တာကြောင့် ပြည်သူ ၅ ဦး ထိခိုက်ပြီး နေအိမ် ၉ လုံးပျက်စီးခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ဖေဖေါ်ဝါရီလ (၁၅) ရက် ည (၁၁)နာရီ (၃၀)မိနစ် အချိန်က စစ်ကောင်စီလေတပ်က ဗုံးသီး (၂ )လုံးကျဲချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကျရောက်ပေါက်ကွဲမှုကြောင့် ကောင်ဟဲကျေးရွာ ဒေသခံပြည်သူ (၅)ဦး ဗုံးသီးကျည်စထိမှန်ခဲ့သလို ကော်ဟဲကျေးရွာက နေအိမ် (၉)လုံး ထိခိုက်ပျက်စီးပြီး ပြည်သူပိုင် ပစ္စည်းတချို့ ဗုံးသီးကျည်စ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။