၁ ဖေဖော်ဝါရီ၊ ၂၀၂၅
နေ့စဉ်ရက်ဆက် ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီက အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၉ ယောက်နဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်တယ်လို့ ဇန်နဝါရီ ၃၁ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အခုဖွဲ့စည်းလိုက်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာတော့ အရင်က ၁၂ ယောက်ကနေ အခု ၉ ယောက်နဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးပေါ်လွင်စိန် ပဲ ဆက်လက်တာဝန်ယူထမ်းဆောင်မှာ ဖြစ် ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးကျော်စိုး၊ ဒေါက်တာ သန်းမြင့်၊ ဒေါက်တာ မြင့်သူမြိုင်၊ ဦးတင်အောင်၊ ဦးကျော်မြင့်၊ ဦးဝင်းလှိုင် ဦး (ခေါ်) ကုန်ဇမှုန်း၊ ဦးသန်းဝင်း၊ ဦးတင်ကိုကို တို့ကပဲ ဆက်လက်တာဝန်ယူထမ်းဆောင်မှာ ဖြစ်ပါတယ်။
ဒီလူ့အခွင်းအရေးကော်မရှင်ဟာ စစ်ကောင်စီရဲ့ နေ့စဉ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ကွယ်ပြုထားမှာဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးက New Day Myanmar ကိုပြောပါတယ်။