Homeပြည်တွင်းသတင်းထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း(၁) ဆေးပေးခန်း ပိတ်လိုက်ပြီး လူနာတွေကိုပြန်လွှတ်

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း(၁) ဆေးပေးခန်း ပိတ်လိုက်ပြီး လူနာတွေကိုပြန်လွှတ်

၂၉ ဇန်နဝါရီလ၊၂၀၂၅

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကရင်နီဒုက္ခသည်စခန်း (၁ ) မှ အကူအညီပေးတဲ့ နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေး ကော်မတီ (IRC) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ယာယီရပ် ဆိုင်းလိုက်ပြီးနောက် လူနာတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ပြန်လွှတ်နေပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြလာမှုအရ သိရပါတယ်။

အမေရိကန်အစိုးရဲ့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကရင်နီဒုက္ခသည်စခန်း (၁ ) မှ အကူအညီပေးတဲ့ နိုင်ငံတ ကာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ယာယီရပ်ဆိုင်းလိုက်ပြီးနောက် လူနာတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ပြန်လွှတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

IRC ကနေတဆင့် မယ်ဟောင်ဆောင် ဆေးရုံကြီးကို ပို့ပြီး ဆေးကုသမှုခံယူနေတဲ့ လူနာတွေကိုလည်း ပြီးခဲ့တဲ့ (ဇန်နဝါရီ ၂၇ ) ရက်နေ့မှာ ဆေးရုံကပြန်လွတ်လိုက်တဲ့အပြင် လတ်တလောကို အရေးပေါ်လူနာနဲ့ ဆေးကုသဖို့ လိုအပ်နေသူတွေအတွက်လည်း ဆေးကုသခွင့်မရှိတော့ဘူးလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြမှုအရ သိရ ပါတယ်။

လက်ရှိ ကရင်နီဒုက္ခသည်စခန်း ( ၁ ) မှာ လူဦးရေ ( ၁၀၀၂၄ ) ဦးရှိပြီး စခန်း ( ၂ ) မှာတော့ လူဦးရေ ၆ ထောင်ဝန်း ကျင်ရှိတယ်လို့ လည်း သိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်ကစပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြည်ပအကူအညီတွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ၃ လ အတွင်း ပြန်ပြီးစိစစ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်ဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုရှိခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ကရင်နီဒုက္ခသည် စခန်း ( ၁ ) ၊ ( ၂ ) အပါဝင် နို့ဖိုးဒုက္ခသည်စခန်း၊ အုန်းဖြန် ဒုက္ခသည်စခန်းနဲ့ မယ်လဒုက္ခသည်စခန်းတွေ အပါအဝင် ဒုက္ခသည်စခန်း ၉ ခု ထက်မနည်းရှိနေပါတယ်။

Photo – The Voice of Karenni

ဆက်စပ် သတင်းများ

Most read