၂၂ ဇန်နဝါရီ ၊၂၀၂၅
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်ခန့်မှာ လေကြောင်းနဲ့ ဗုံး(၂)လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၈) ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၅)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်မှုအရ သိရပါတယ်။
ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံပြည်သူများကို PSLF/TNLA မီးသတ်ဌာန၊ ရဲဌာန နဲ့ ပြည်သူတွေမှ ဝိုင်း၀န် ဆေးကုသမှု နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဆက်လက်ပြီး ပြီးခဲတဲ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း နောင်ချိုမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တပ် မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာ နဲ့ ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါ တယ်။
Photo – PSLF/TNLA