Homeပြည်တွင်းသတင်းမြန်မာက တကမ္ဘာလုံးမှာ ရာဇဝတ်မှုအများဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးက ရပ်တည်

မြန်မာက တကမ္ဘာလုံးမှာ ရာဇဝတ်မှုအများဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးက ရပ်တည်

၁၀ ဇန်နဝါရီ၊ ၂၀၂၅

ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံကြား ပြစ်မှုဖြစ်ပွားမှုအများဆုံးနဲ့ လုံခြုံမှုအနည်းဆုံးနိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံဟာ ပထမနေရာက ရပ်တည်နေတယ်လို့ နောက်ဆုံးရ Global Crime Index (GCI) အစီရင်ခံစာအရ သိရပါတယ်။

Global Crime Index (GCI)ဟာ နိုင်ငံအလိုက် ပြစ်မှုဖြစ်ပွားမှုနဲ့ လုံခြုံမှုအဆင့်ပေါ် မူတည်ပြီး တိုင်းတာတာ ဖြစ်ပြီး အကြမ်းဖက်မှု၊ လုယက်မှု၊ ရဲတပ်ဖွဲ့ရဲ့ ဝန်ဆောင်မှုတွေနဲ့ ဒေသတွင်း နိုင်ငံတွင်းနေထိုင်သူပြည်သူတွေရဲ့ လုံခြုံတယ်လို့ ခံစားရမှုအပေါ်မှာ မူတည်ပြီး တွက်ချက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ တိကျသောအဆင့်သတ်မှတ်ချက်နဲ့ ဒေတာတွေဟာ တစ်နှစ်နဲ့ တစ်နှစ် ကွဲပြားနိုင်ပြီး အကဲဖြတ်မှုလုပ်ဆောင်နေတဲ့ အဖွဲ့တွေရဲ့ နည်းစနစ်ပေါ်မှာ မူတည်ပါတယ်။ အဖွဲ့အစည်းတွေဟာ ကမ္ဘာတဝန်းက ရာဇ၀တ်မှုနဲ့ဘေးကင်းမှုအဆင့်တွေကို အခြေခံပြီး Numbeo’s Crime Index၊ The Economist Intelligence Unit (EIU) Safeguarding Index ညွှန်းကိန်းတွေနဲ့ တွက်ချက်တာ ဖြစ်ပါတယ်။

မြန်မာဟာ ကမ္ဘာပေါ်က ကုလအသိအမှတ်ပြု နိုင်ငံ ၁၉၃နိုင်ငံ၊ အရှေ့တောင်အာရှ ၁၁ နိုင်ငံနဲ့ အာရှ ၄၆ နိုင်ငံမှာ ပထမ နေရာရတာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဗင်နီဇွဲလား၊ ဆီးရီးယား၊ တောင်အာဖရိက၊ လက်ဆိုသို၊ အာဖဂန်နစ္စတန်တို့နဲ့အတူ ထိပ်ဆုံး ၁၀နိုင်ငံစာရင်းထဲ ပါဝင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

Most read