Homeနိုင်ငံတကာသတင်းအင်အားပြင်း တိဘက်ငလျင် သေဆုံးသူ ၁၂၆ဦးအထိ ရှိလာ

အင်အားပြင်း တိဘက်ငလျင် သေဆုံးသူ ၁၂၆ဦးအထိ ရှိလာ

၈ ဇန်နဝါရီ၊ ၂၀၂၅

တရုတ်နိုင်ငံ၊ တိဘက်ကိုယ်ပိုင်ချုပ်ခွင့်ရဒေသမှာ ဒေသစံတော်ချိန် ဇန်နဝါရီလ ၇ ရက်၊ မနက်၉ နာရီ ၅ မိနစ်က လှုပ်ရှားခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၆.၈ မဂ္ဂနီကျူ့အဆင့် ငလျင်ဒဏ်ကြောင့်သေဆုံးသူအရေအတွက်ဟာ ၁၂၆ ဦးအထိရှိလာပြီဖြစ်တယ်လို့ ဘီဘီစီသတင်းမှာဖော်ပြပါတယ်။

ကယ်ဆယ်ရေးသမားပေါင်း ၁၄၀၀၀ ကျော်ဟာ ငလျင်ဒဏ်သင့်ကျေးရွာတွေက အပျက်အစီးများကြားမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ပေးနေပြီး ဒေသခံတွေကိုလည်း ဘေးလွတ်ရာကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့သိရပါတယ်။

ငလျင်ဟာ တိဘက်ဒေသက ဆိုဂိုမြို့နယ်ကို ဗဟိုပြု လှုပ်ရှားခဲ့တာဖြစ်ပြီး ငလျင်ဗဟိုချက်ဖြစ်တဲ့ ကီလို မီတာ၂၀ပတ်လည် အတွင်းက ကျေးရွာပေါင်း ၂၇ ရွာမှာ ထိခိုက်ပျက်စီးမှု အများအပြားဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ကနဦးကောက်ယူရရှိထားတဲ့ စာရင်းများအရ ၃၆၀၉ အိမ်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ (၃၀၀၀၀) ကျော်ကို အရေးပေါ်နေရာရွှေ့ ပြောင်းခဲ့ရတဲ့အပြင် ဇန်နဝါရီ လ၈ရက်နေ့မနက်ပိုင်းအထိကောက်ယူထားတဲ့စာရင်းအရ ဒဏ်ရာရရှိခဲ့သူ၁၈၈ဦးနဲ့သေဆုံးသူ ၁၂၆ဦးအထိရှိတယ်လို့လည်း သိရပါတယ်။

Ref: BBC

ဆက်စပ် သတင်းများ

Most read