Homeပြည်တွင်းသတင်းနိုဝင်ဘာလအတွင်း စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံမှ ပြည်သူ ၁၆၀၀ နီးပါး ဖမ်းဆီးခဲ့

နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံမှ ပြည်သူ ၁၆၀၀ နီးပါး ဖမ်းဆီးခဲ့

၂၇ ဒီဇင်ဘာ၊၂၀၂၄

၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊အမည်မသိအဖွဲ့စည်းတွေက နိုင်ငံ တဝန်း ပြည်သူ ၁၆၀၀ နီးပါးဖမ်းဆီးခဲ့တယ်လို့ ဉာဏ်အလင်းသစ်သုသေတနအဖွဲ့ရဲ့ ကောက်ယူထားတဲ့စာရင်း တွေအရ သိရပါတယ်။

ဉာဏ်အလင်းသစ်သုသေတနအဖွဲ့ရဲ့ ကောက်ယူထား တဲ့စာရင်းတွေအရ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ အဖွဲ့အစည်းပေါင်းစုံကဖမ်းဆီးခဲ့သည့် ပြည်သူ (၁၅၉၇) ဦးအထိရှိခဲ့ပြီး ထိုအရေအတွက်အတွင်းမှ (၁၅၁၉)ဦးကို စစ်တပ်ကဖမ်းဆီးခဲ့တာဖြစ်ပြီး အများဆုံးမှာ မန္တလေးတိုင်းအတွင်းက ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မန္တလေးဒေသအတွင်း အရပ်သားအနည်း ဆုံး (၄၃၂) ဦးအထိဖမ်းဆီးခဲ့ပြီး အဆိုပါဖမ်းဆီးခြင်းများအနက် တံ တားဦး မြို့ နယ်၊ မလှိုင်မြို့ ၊ ဝမ်းတွင်း မြို့ နယ်၊ မိတ္ထီလာ မြို့ နယ် နဲ့ ကျောက်ဆည်မြို့ နယ်တွေက စုစုပေါ င်း လူငယ် ၂၂၀ ကျော် ခန့်ကို စစ်မှုထမ်းသင်တန်းအတွက်ဖမ်းဆီးခဲ့ကြောင်း သတင်းတွေမှာဖော်ပြမှုအရ သိရတယ် လို့ လည်း ထုတ်ပြန်ထားပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်မှလည်း နိုဝင်ဘာလအတွင်း အရပ်သား(၇၈) ဦး ဖမ်းဆီးခဲ့ကြောင်းနဲ့ သတင်းဖော်ပြချက်တွေအရ နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ ၆ ရက်တာ ကာ လအတွင်းရှမ်း တောင်ဒေသ၊ မိုးနဲမြို့ နယ်၊ ကျိုင်းတောင်းမြို့ ရှိ လူငယ် ၆၇ ဦး ကို ရှမ်း ပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) က စစ်သင်တန်း တက်ရန် အတင်း အဓမ္မဖမ်း ဆီးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အလားတူ ရှမ်းပြည်တောင်ပိုင်း ၊ကလော မြို့ နယ်တွင် RCSS မှ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု၊ သုံး စွဲမှုတို့ဖြင့် လူငယ်ခုနှစ်ဦးအား စွပ်စွဲဖမ်းဆီးထားကြော င်း သတင်းဖော်ပြချက်တွေအရ သိရကြောင်း ထုတ်ပြန်ထားပါတယ်။

Photo – NLTA

ဆက်စပ် သတင်းများ

Most read