Homeပြည်တွင်းသတင်းချင်းညီနောင်နှင့် မဟာမိတ်တပ်တွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုကြောင်း Chinland Council ထုတ်ပြန်

ချင်းညီနောင်နှင့် မဟာမိတ်တပ်တွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုကြောင်း Chinland Council ထုတ်ပြန်

၂၄ ဒီဇင်ဘာ၊ ၂၀၂၄

ချင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်းတွေ ကင်းစင်ဖို့ အပြီးသတ်တိုက်ထုတ်နေတဲ့ ကာလမှာ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်အောင်မြင်ခဲ့တဲ့ ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုတွေရဲ့ အောင်ပွဲဆင်နိုင်မှုကို လေးမြတ်စွာ ဂုဏ်ပြုကြောင်း Chinland Council က ထုတ်ပြန်ပါတယ်။

ချင်းပြည် (Chinland) တဝှမ်းမှာ တော်လှန်ရေးတိုက်ပွဲဆင်နွဲနေကြတဲ့ သူရဲကောင်း စစ်သည်တွေနဲ့ အသက်သွေး ပေးဆပ်ခဲ့သူတွေကို ဦးညွတ်အလေးပြုကြောင်း လည်း ဂုဏ်ပြုစာမှာ ဖော်ပြထားပါတယ်။

ချင်းညီနောင် (CB) စစ်ဆင်ရေးဟာ ချင်းညီနောင်လှုပ်ရှားနယ်မြေထဲမှာ နောက်ထပ်သိမ်းပိုက်ဖို့ ဖလမ်းနဲ့ တီးတိန်မြို့တို့သာ ကျန်တော့ကြောင်း ချင်းညီနောင် စစ်ရေးတာဝန်ခံက ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

ချင်းညီနောင်က ဖလမ်းမြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေပြီး ဖလမ်းမြို့က နောက်ဆုံးလက်ကျန် ခြေလျင်တပ်ရင်းအမှတ် -၂၆၈(ခလရ-၂၆၈) တပ်ကုန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်က အတည်ပြုထားပါတယ်။

Photo – Chinland Council

ဆက်စပ် သတင်းများ

Most read