၂၂ ဒီဇင်ဘာ၊ ၂၀၂၄
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေ ဆုတ်ခွာသွားပြီး ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင် မဟာမိတ်တပ်တွေ မြို့ထဲ ဝင်ရောက်နေရာယူထားနိုင်ပြီလို့ အတည်မပြုရသေးတဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ချင်းတောင်ပိုင်းမှာဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်မှာ ကန်ပက်လက်မြို့ကို ထပ်ပြီး သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။ မြို့တွင်းက စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းထဲက မကွေးတိုင်း ၊ ယောနယ်ဘက်ကို ဆုတ်ခွာသွားကြပြီလို့ သိရပါတယ်။
ချင်းညီနောင်ဘက်က ဒီဇင်ဘာ ၂၂ရက် ဒီနေ့ကစပြီး ကန်ပက်လက်မြို့သိမ်း တိုက်ပွဲ စတင်ပြီလို့ ကြေညာထားပါတယ်။ အခုနှစ် ဒီဇင်ဘာ ၂၂ ရက်ဟာ ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး တစ်နှစ်ပြည့်ဖြစ်ပါတယ်။ ချင်းညီနောင်အဖွဲ့တွေဟာ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အခု ကန်ပက်လက်မြို့ကို ရရှိကြောင်းအတည်ပြုနိုင်ရင် စတုတ္ထမြောက်သိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာမှာ ဖြစ်ပါတယ်။
ပုံစာ – ဒီဇင်ဘာ ၂၀ရက် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ရရှိတဲ့လက်နက်ခဲယမ်းများ
Photo – CB