Homeပြည်တွင်းသတင်းနောင်ချိုမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ

၁၀ ဒီဇင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/ TNLA က ဒီဇင်ဘာ ၁၀ရက်က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၉ ရက်၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှာ စစ်ကောင်စီဘက်က သရက်ကုန်းတောင်ဘက်က နေပြီး ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက် ကြီးကျည်တွေဟာ ဆမ္မဆယ် ကျေးရွာအတွင်းက အမှတ် ၁ သကြားစက်ရုံဝန်းမှာ ၁ လုံး၊ စက်ရုံဘေးမှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် စက်ရုံဝန်ထမ်း အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကား ၂ စီးအပါအဝင် နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဘက်က နောင်ချိုမြို့ကို လေကြောင်းကိုအသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခို က်နေတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့မှ ပြည်သူ ၁၇ ဦး သေဆုံးပြီး ၂၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read