၆ ဒီဇင်ဘာ၊၂၀၂၄
ပျူစောထီးမင်းမင်းကို ရှင်းလင်းခဲ့တဲ့ ရဲဘော် ၄ ဦးရဲ့လုပ်ရပ်ဟာ International Humanitarian Law and International Human Rights Lawနဲ့ ငြိစွန်းတဲ့အတွက် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်မှုအရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က နေပြည်တော် -တောင်ညိုလမ်းပိုင်းတနေရာက ကြက်ဝိုင်းမှာရှိနေတဲ့ စစ်တပ် လော်ဘီ မင်းမင်းနဲ့ အဖွဲ့ ဝင် ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ ရဲဘော်၄ ဦးကို ဗိဿနိုးပြည်သူ့ကာကွယ် ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်မှုအရ နေပြည် တော် – ကံပြား လမ်းပိုင်းတစ်နေရာမှာ မဘသမျိုးချစ်ခေါင်းဆောင် ပျူစောထီး မင်းမင်းကို ရှင်းလင်းခဲ့တဲ့ ရဲဘော် မောင်ဇင်နိုင်ဖြိုး အပါအဝင် မောင်မင်းသူ ၊ မောင်ကျော်ခိုင် နဲ့ မောင်ဝေဇင် တို့ ( ၄ )ဦးကို ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ IHL- IHR နဲ့ ညှိစွန်း နေတာကြောင့် ၄င်းရဲဘော် ( ၄ )ဦးအား ထောင်အချုပ် ( ၁ )နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo – ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်