Homeပြည်တွင်းသတင်းဖလမ်းမြို့နယ်ဆေးရုံတစ်ခုကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက် ဆေးကုသနေသူတွေအပါအဝင် ၆ ဦးသေဆုံး

ဖလမ်းမြို့နယ်ဆေးရုံတစ်ခုကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက် ဆေးကုသနေသူတွေအပါအဝင် ၆ ဦးသေဆုံး

၂၇ နိုဝင်ဘာ၊ ၂၀၂၄

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာမှာရှိတဲ့ ဆေးရုံကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက် ခိုက်တဲ့အတွက် ဆေးကုသနေသူတွေအပါအဝင် ခြောက်ဦးထက်မနည်း သေဆုံးတယ်လို့ သတင်းများက ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၆ရက် မနက် ၁၁နာရီ နှင့် မွန်းလွဲ ၁နာရီကြားမှာ စစ်ကောင်စီက လုမ်သဲရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဆေးရုံကို ဗုံးထိမှန်ပြီး ဒဏ်ရာရ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သူနာပြုတချို့ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံကို ဗုံးထိမှန်ပြီး CNDF ဖလမ်းက ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးနဲ့ သူနာပြုတစ်ဦး စုစုပေါင်း ၆ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အပါအဝင် ချင်းညီနောင်အဖွဲ့နဲ့ ပူးပေါင်းတပ်တွေဟာ နိုဝင်ဘာ ၉ ရက်ထဲက ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပြီး တိုက်ပွဲတွေ ငြိမ်သက်နေတာ ၃ ရက်ရှိနေပေမယ့် စစ်ကောင်စီက ရွာထဲကို ဗုံးကြဲတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read