၂၅ နိုဝင်ဘာ၊ ၂၀၂၄
နိုဝင်ဘာလ ၂၄ ရက်မှာ ကျင်းပတဲ့ တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက စစ်ဘေး ဒဏ်ခံစား နေရတဲ့ နိုင်ငံတွေအတွက် ဆုတောင်းပေးရင်း မြန်မာနိုင်ငံသားတွေရဲ့ဒုက္ခကို ထပ်ပြီး အထူးတလည် ထည့်သွင်းဆုတောင်းပေးခဲ့ပါတယ်။
ဆုတောင်းပွဲအဆုံးသတ်မှာ ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲလုပ်ဖို့ နဲ့ အားလုံးပါဝင်နိုင်ရေးတို့ဟာ ငြိမ်းချမ်းရေးရဖို့အရေးတကြီးလိုအပ်တဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပဋိပက္ခတွေရဲ့အကျိုးဆက်ကို ခံစားနေကြရသူတွေကို အောက်မေ့ဖွယ်ဆုတောင်းပွဲမှာ ပါဝင်ဖို့လည်း ဖိတ်ခေါ်စကားဆိုပါတယ်။
နိုဝင်ဘာလ ၂၅ ရက်ဟာ၁၉၂၀ ကျောင်းသားသပိတ် နှစ်ပတ်လည် ဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ စတင်လျှောက်လှမ်းခဲ့တဲ့ အထိမ်းအမှတ် နှစ်ပတ်လည် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
“မနက်ဖြန်ကျရင် မြန်မာပြည်သူတွေဟာ လွတ်လပ်ရေးရဖို့ အုတ်မြစ်ချခဲ့တဲ့ ပထမဆုံးကျောင်းသား သပိတ်နှစ်ပတ်လည် ကျင်းပတော့မယ် ဒါပေမယ့် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီကာလတွေကို ရောက်အောင် အများကြီး ရုန်းကန်နေရပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံးကို ကျွန်ုပ် ကိုယ်ချင်းစာနား လည်ကြောင်း ပြောပြလိုက်ပါတယ်။ အထူးသဖြင့် အထိခိုက်လွယ်ဆုံးဖြစ်တဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေ ၊ ရိုဟင်ဂျာအပါအဝင် ဒုက္ခသည်တွေအတွက်ပါ။ ပဋိပက္ခမှာ ပါဝင်နေတဲ့ ပတ်သက်သူအားလုံးကို လက်နက်ချပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို အာမခံနိုင်တဲ့ ရိုးသားပြီး အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို စတင်ဖို့ လေးလေးနက်နက် မေတ္တာရပ်ခံပါတယ်။” လို့ တိုက်တွန်းပြောဆိုသွားပါတယ်။
ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်နဲ့ ဆူဒန်နိုင်ငံတွေမှာလည်း ငြိမ်းချမ်းရေးရစေဖို့ ဆုတောင်းကြဖို့ လူတိုင်းကို ပုပ်ရဟန်းမင်းကြီးက လေးလေးနက်နက် တိုက်တွန်းသွားပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ နိုဝင်ဘာ ၃ ရက် ဝတ်ပြုဆုတောင်းပွဲမှာလည်း မြန်မာနိုင်ငံအတွက် ထည့်သွင်းဆုတောင်းပေးခဲ့ပါတယ်။
ပုံစာ – နိုဝင်ဘာ ၂၄ ရက်က ပုပ်ရဟန်းမင်းကြီး ဝတ်ပြုဆုတောင်းပွဲကျင်းပစဉ်
Photo – Screengrab from Vatican News