Homeပြည်တွင်းသတင်းကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူအများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူအများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၂ နိုဝင်ဘာ ၊၂၀၂၄

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှား မှုအဖွဲ့ ICBL က ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့်သေဆုံးဒဏ်ရာရသူ ၁,၀၀၃ ဦး အထိရှိခဲ့တယ်လို့ မြေမြှုပ်မိုင်းလှုံ့ဆော်ရေး အဖွဲ့ (ICBL) က ထုတ်ပြန်ပါတယ်။

မြေမြှုပ်မိုင်းကြောင့် အသေအပျောက်အများဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံရဲ့နောက်မှာတော့ ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်တို့ ရပ်တည်နေတယ်လို့ စစ်တမ်းအရ သိရပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူ အများဆုံးနေရာမှာ ၃ နှစ်ဆက်တိုက် ရပ်တည်ခဲ့တဲ့ ဆီးရီးယားနိုင်ငံကို မြန်မာက ကျော်တက်သွား တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ ဆီးရီးယားနိုင်ငံက မြေမြှပ်မိုင်းတွေကြောင့် သေဆုံးထိခိုက်သူဦးရေ ၉၃၃ ယောက်ရှိခဲ့ပြီး မြန်မာနိုင်ငံက ၁၀၀၃ ယောက်ရှိကာ ပိုများခဲ့ပြီး မြေပြင်မှာ မြန်မာနိုင်ငံအနေနဲ့ အခုထက်ပင် ပိုမိုများပြား လာနိုင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာဟာ မြေမြှုပ်မိုင်းတွေကို ဆက်သုံးနေသလို တိုးသုံးလာတာ တွေ့ရတယ် လို့ ICBL အဖွဲ့ရဲ့ ၂၀၂၃ အောက်တိုဘာကနေ ၂၀၂၄ အောက်တိုဘာလအထိလုပ်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ရေးသားထားပြီး ဆီးရီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် လူ ၉၃၃ ဦးသေဆုံးဒဏ်ရာရခဲ့ပြီး မြန်မာနောက်မှာ ဒုတိယလိုက်တဲ့ နိုင်ငံဖြစ်တယ်လို့လည်းသိရပါတယ်။

မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ဟာ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုရထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Photo – KNU

ဆက်စပ် သတင်းများ

Most read